၁။ အမိအဖမီး...
၂။ အိမ်ရှင်လင်ယောက်ျားမီး...
၃။ ရဟန်းပုဏ္ဏားမီး...
အပြည့်အစုံကား....
၁။ အမိအဖတို့သည် သားသ္မီးတို့အားများသောကျေးဇူးဥပါကာရရှိသောကြောင့်...
ထိုသားသ္မီးတို့၏ ပူဇော်သက္ကာရကိုခံယူထိုက်ကုန်၏ ။ သားသ္မီးတို့သည် ကျင့်ဝတ်တရားငါးပါး
နှင့်အညီ ပြုလုပ်ရန်တာဝန်ရှိသည်။ထိုသို့သော တာဝန်ဝတ္တရားတို့ကို မိဖတို့အပေါ် မပြုလုပ်ခြင်း
ဆဲရေးတိုင်းထွာခြင်း စသည်ဖြင့်ဖေါက်ပြန်စွာကျင့်သောသားသ္မီးတို့သည် အပါယ်ငရဲသို့..
ကျရောက်ရလေ၏။
၂။ အရှင်သခင်လင်ယောက်ျားသည် မိမိသားမယားအား အိပ်ရာနေရာ..
အ၀တ်အစား..စသည်တို့ကို လုပ်ကျွေးသဖြင့် များသောကျေးဇူးရှိကုန်၏။
ထိုသို့ကျေးဇူးရှိသည့် လင်ယောက်ျား၌..မှောက်မှား၍ကျင့်ခြင်း၊ မယားဝတ္တရားနှင့်
အညီမပြုလုပ်သော မိန်းမသည် ငရဲစသည်အပါယ်ဘုံသို့ ကျရောက်ရလေ၏။
၃။ ရဟန်းသံဃာတို့သည် လူတို့အား သရဏုံ ငါးပါးသီလ ဆယ်ပါးသီလ အမိအဖ
တို့ကိုလုပ်ကျွေးခြင်း၊တရားနှင့်လျှော်စွာကျင့်ကြံနေထိုင်ခြင်း စသောကောင်းသောတရား
အကျင့်တို့၌ တိုက်တွန်းဟောကြားခြင်း နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းတို့ကို
ညွန်ကြားပြသနှိုးဆော်ခြင်း စသည်ဖြင့်များသောကျေးဇူးရှိကုန်၏။
ထိုရဟန်းသံဃာတို့၌ ဖေါက်ပြန်စွာကျင့်ခြင်း ဆဲရေးခြင်း ရေရွတ်ခြင်း စသည်ဖြင့်ပြုကျင့်သော
သူတို့သည် အပါယ်ငရဲသို့ကျရောက်ရလေ၏။
(ပါထေယျ၊အဌကထာ-၁၅၄)
ထိုကြောင့် မန်လည်ဆရာတော်ဘုရားကြီးက မာဃဒေ၀လင်္ကာ၌.....
မိန်းမတကာ၊ဓမ္မတာဖြင့်၊အိမ်ရာပြုထောင်၊လူတို့ဘောင်ဝယ်၊ထိန်ထိန်ပြောင်ညီး၊
သုံးပုံမီးတည်း၊ကြီးလှကျေးဇူး၊နှစ်ဦးမိဖ၊ကာမအရှင်၊လင်လည်းတစ်ခန်း၊ရဟန်းပုဏ္ဏား၊
ရောက်ငြားအထံ၊လှူခံပုဂ္ဂိုလ်၊မီးသုံးဖိုကို၊သိမ်းဆိုမတတ်၊ကျင့်ယွင်းချွတ်က၊မပြတ်ညီး
ပြောင်၊နေ့တိုင်းလောင်ရှစ်၊နောင်လည်းအမြဲ၊ငရဲမီးစာ၊ဖြစ်တတ်စွာ၏။
တစ်ဖြာထိုမှ၊မိန်းမတို့အား၊များယေဘုယျ၊အပါယ်ကျသည်၊ပါပယုတ်မာ၊တရားမှာလည်း
သဒ္ဒါမရှိ ဟိရီမကပ် ဩတ္တပ်ကင်းပ ကောဓကြီးစွာ ပညာမဲ့ငြား ဤငါးပါးတည်း မှတ်သားသမှု
သတိပြုလော့။ ။ ဟုမိန့်ဆိုတော်မူခဲ့သည်။
(မာဃဒေ၀လင်္ကာ-၄၁၃)