Tuesday, April 24, 2012
Saturday, April 14, 2012
မိန်းမတို့အား ငါးပါး
ပန်းဝင်ရင်သိစေချင်
လူတိုင်းဟာ ဘ၀ဆိုတဲ့ပန်းတိုင်ကို မလွဲမသွေအရောက်လှမ်းပြီးကြိုးစားကာသွားနေကြရတာပေါ့၊ ဒါပေမဲ့တစ်ချို့က ပန်းဝင်လှကြပြီး တစ်ချို့ကပန်းဝင်မလှကြပါ ဒါဘာကြောင့်လည်းဆိုတော့မိမိကျိုးစားအားထုတ်မှုအပေါ်တွင်သာမူတည်သည်။
ဗုဒ္ဓအလိုကြဆိုရင် မကောင်းတဲ့အမှု မကောင်းတဲ့အလုပ် မကောင်းတဲ့အကြံအစည်တွေနဲ့ပေါင်းဖက်နေကြသူများသည် မကောင်းသောနေရာ(ငရဲ၏ပန်းတိုင်)သို့သာပန်းဝင်သွားကြသည်။
ကောင်းသောအမှု ကောင်းသောအလုပ် ကောင်းသောအကြံအစည်တွေနဲ့ပျော်မွေ့နေကြ သူများသည်ကောင်းသောနေရာ(နတ်ပြည်၏ပန်းတိုင်)သို့ပန်းဝင်သွားကြသည်။
သင်သည်လည်း မိမိ၏ ပန်းတိုင်ကိုအပြုံးနဲ့ဝင်မှာလား - အမဲ့နဲ့ဝင်မှာလားဆိုတာ ဘယ်သူ့မှအမိန့်ပေးဆုံးဖြတ်ချက်မပါပဲ မိမိကိုယ်တိုင်၏ဆုံးဖြတ်ချက်ဖြင့်သာ ဘ၀ပန်းတိုင်ကိုရယူဆွတ်ခူးနိုင်ပေသည်။
အသျှင်ပညာဓမ္မ (ဓမ္မာစရိယ နယ်လှည့်ဓမ္မကထိက)ကံပေါက်ဒေသ ဖားချောင်းအင်းကျေးရွာ။
Subscribe to:
Comments (Atom)