သဒ္ဓါတရားရှိခြင်း၊မကောင်းမှုမှရှက်ခြင်း၊ကြောက်ခြင်း၊အမျက်ဒေါသမထွက်ခြင်း၊
ပညာအဆင်အခြင်နှင့်ပြည့်စုံခြင်းတို့ကြောင့်၎င်း၊ပညာ၊သတိ၊သမာဓိ၊ဟိရီ၊
ဩတ္တပ္ပတရားငါးပါးနှင့်ပြည့်စုံလျှင်လည်း နတ်ပြည်သို့ရောက်နိုင်လေသည်။
ရှေ့ကဖေါ်ပြခဲ့သောမနာပကာယီနတ်ဆိုသည်မှာ-
နိမ္မာနရတိနတ်ဘုံဟုဆိုထားသော်လည်း သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌...
တာဝတိသာနတ်ဟုဆိုပါသည်။
အခါတစ်ပါး အနုရုဒ္ဓါမထေရ်သည် ကောသလတိုင်း တောအုပ်တစ်ခု၌
နေတော်မူစဉ် တာဝတိံသာနတ်ပြည်မှ ဇာလိနီ မည်သောနတ်သ္မီးသည်မထေရ်ထံသို့
ချည်းကပ်လျက်မနာပကာယီမည်သောတပည့်တော်...
တို့သည် အလိုရှိအပ်သော အဆင်းအသံ ချမ်းသာခြင်းတို့ကို
အလိုရှိသလိုဖန်ဆင်း၍
ခံစားနိုင်ပါသည်ဘုရား....ဟုလျှောက်ထားဘူးလေသည်။
သတဒီပကပုစ္ဆာဝိသဇ္ဇနာကျမ်း၌ကား--
စိတ်အကြံစည်၊ထင်သမျှ၊မနာပကာယာ၊သုံးဌာနဣဿရာ၊စိတ်လိုရာဖန်ဆင်း၊
အာကင်္ခ၀ဏ္ဏံမှာ၊အသံပါသုခမကြွင်း၊နတ်ကာမခြောက်ဘုံတွင်၊၀တိံသာပျော်ခင်း၊
နိမ္မာနဘုံတွင်းမှာ၊နေရင်းပရဌာန်၊ပါဠိတော်အာဂုံနှင့် လာပုံကိုရွှေဥာဏ်ရှု၊
ဘုန်းယခုမိန့်ဆိုလိုက်ဟန်၊စိတ်မှာသွင်းလို့၊မငြင်းဆန်တယ်
မယွင်းမှန် ယူမှတ်လော့၊တစ်ဆူနတ်သူရကန်၊နေရောင်ထွန်းသည်တက်
ပြောင်းနချန်လောက်ပါတဲ့ သံကောက်မှောင်ကို ရွှေဥာဏ်ရောင်လင်းလိုက်တဲ့လေး။ ။
ဟုဖြေဆိုထားလေသည်။
ထိုကြောင့် မနာပကာယီနတ်သည် တာဝတိံသာ နိမ္မာနရတိဘုံဖြစ်သော၊အဆင်း
အသံ ချမ်းသာခြင်းသုံးမျိုးကိုအလိုရှိသလို၊ဖန်ဆင်းနိုင်သောနတ်ဟူ၍
ဖြစ်ပါသည်။ ။
၁။ လင်ယောက်ျား၏မယားသည် ဒေါသသည်ဖျက်ဆီးအပ်သောစိတ်ရှိသည်ဖြစ်၍
အစီးအပွားကိုအစဉ်စောက်ရှောက်လေ့မရှိဘဲ၊ မိမိလင်မှတစ်ပါးသောယောက်ျားတို့၌
တပ်မက်မောလျက် မိမိလင်ကိုမထီမဲ့မြင်အောက်မေ့၏၊ဥစ္စာဖြင့်ဝယ်ယူသူကိုသတ်ရန်
အားထုတ်သကဲ့သို့ အားထုတ်တတ်၏၊ ထိုမယားကိုသူသတ်နှင့်တူသောမယား
ဟုဆိုအပ်၏။
၂။ လင်ယောက်ျား၏မယားသည် မိမိအရှင်သခင်လင်ယောက်ျားသည် အတတ်ပညာဖြင့်
ကုန်သွယ်ခြင်းလယ်လုပ်ခြင်းအမှုကိုပြုလုပ်၍ရအပ်သောပစ္စည်းကို
အနည်းငယ်မှစ၍
အပြင်သို့ယူဆောင်ခြင်းငှာအလိုရှိ၏၊ ထိုမယားကိုခိုးသူနှင့်တူသောမယား ဟုဆိုအပ်၏။
၃။ လင်ယောက်ျား၏မယားသည် အလုပ်လုပ်ကိုင်ရန်အလိုမရှိ ပျင်းရိ၏
အစားကြီး၏
စိတ်ကြမ်းတမ်း၏ကိုယ်အမူမရာလည်းကြမ်းတမ်း၏ နှုတ်အမူအရာလည်းကြမ်းတမ်း၏
လုံလ၀ိရိယရှိသောလင်ယောက်ျားလည်းနှိပ်စက်လွှမ်းမိုး၍ကျင့်တတ်၏။
ထိုမယားကိုအရှင်သခင်နှင့်တူသောမယား
ဟုဆိုအပ်၏။
၎။ လင်ယောက်ျား၏မယားသည် အခါခပ်သိမ်းအစီးအပွားကို
အစဉ်စောက်ရှောက်တတ်၏။
အမိသည်သားကိုအစဉ်စောက်ရှောက်သကဲ့သို့ လင်ကိုအစဉ်စောက်ရှောက်တတ်၏
လင်ယောက်ျားဆည်းပူးရှာဖွေရလာသောဥစ္စာကိုစောက်သိရိုသေတတ်၏။
ထိုမယားကို အမိနှင့်တူသောမယား ဟုဆိုအပ်၏။
၅။ လင်ယောက်ျား၏မယားသည်
အစ်မကြီး အစ်မငယ် မောင်၌....
ရိုသေသကဲ့သို့ မိမိလင်၌ရိုသေတတ်၏။
လင်၏အလိုသို့လိုက်တတ်၏။ ထိုမယားကိုနှမနှင့်တူသောမယား
ဟုဆိုအပ်၏။
၆။ လင်ယောက်ျား၏မယားသည် လောက၌
အဆွေခင်ပွန်းသည်ကြာမြင့်....
မှရောက်လာသော...အဆွေခင်ပွန်းကိုမြင်လတ်သော် အလွန်ဝမ်းမြောက်သကဲ့သို့ ....
လင်ကိုမြင်က...လွန်စွာဝမ်းမြောက်တတ်၏ အမျိုးနှင့်ပြည့်စုံ၍သီလရှိ၏...
လင်ကိုရိုသေစွာကျင့်တတ်၏။ ထိုမယားကိုအဆွေခင်ပွန်းနှင့်တူသောမယား ဟုဆိုအပ်၏။
၇။ လင်ယောက်ျား၏မယားသည် လင်ယောက်ျားက
သတ်ပုတ်ခြင်းဖြင့်ခြိမ်းခြောက်
အပ်သော်လည်းဒေါသမထွက်ခြင်း။ထိန့်လန့်မှုမရှိခြင်း။ဒေါသဖြစ်ပြစ်မှားသော...
စိတ်မရှိသည်ဖြစ်၍ လင်ကိုသည်းခံတတ်၏....
လင်၏အလိုသို့လိုက်တတ်၏။ ထိုမယားကိုကျွန်မနှင့်တူသောမယား
ဟုဆိုအပ်၏။
အထက်ကဖေါ်ပြခဲ့သောမယားခုနှစ်မျိုးတွင်
သူသတ်နှင့်တူသောမယား...
ခိုးသူနှင့်တူသောမယား..အရှင်သခင်နှင့်တူသောမယား...သုံးမျိုးသည် သေလွန်က...
အပါယ်ငရဲသို့ကျရောက်တတ်သည်။
အမိနှင့်တူသောမယား...နှမနှင့်တူသောမယား...အဆွေခင်ပွန်းနှင့်တူသောမယား...
ကျွန်နှင့်တူသောမယား..တို့သည်သေလွန်က နိမ္မာနရတိနတ်ပြည်သို့လားရောက်လေသည်။
(တိကနိပါတ်-သုဇာတဇာတ်)
မယားခုနှစ်မျိုး၊ရှိမျဲရိုးတွင်၊ခိုးသူ အရှင် သတ်သူ သွင်သို့
အကြင်မယား လား၏ငရဲ
အမြဲမှတ်သိ။အမိတမျှ နှမ မယွန်း ခင်ပွန်းသဘွယ် ဤနှယ်လေးခြား၊မယားမှာကား
၊
နိမ္မာနတ်ပြည် လားမြဲလေ၏။ယင်းသည့်လေးသွယ်၊မယားဝယ်လည်း၊ကျွန်နှယ်အလား၊
ထိုမယားမူ၊ယောက်ျားဆုပန်၊နိဗ္ဗာန်ဆုတောင်းတောင်းတမလွတ်၊မချွတ်ထူးတည်၊ပြည့်မြဲမည်၏။ ။ ဟုမာဃဒေ၀လင်္ကာတွင်ဆုံးမတော်မူခဲ့သည်။
(မာဃဒေ၀လင်္ကာ-၃၂၁)
ထိုကြောင့် သူတော်ကောင်းအမျိုးသ္မီးများသည်
ယောက်ျားအဖြစ်ကိုအလိုရှိလျင်၎င်း..
သမ္မာသမ္ဗောဓိဥာဏ်တော်ကိုအလိုရှိလျင်း၎င်း..ကျင့်ဝတ်တရားကိုစောက်ထိန်း၍....
ကောင်းမွန်စွာပြုကျင့်သင့်လှပေသည်။