တစ်နေ့ နံက်ပိုင်းလ္ဘက်ရည်သောက်ပြီးအပြန် လိုင်းပေါ်မှာဟိုကြည့်ဒီကြည့်ရှာကြည့်ရင်း fackbook ထဲခဏရောက်သွားတော့ တွေလိုက်ရတဲ့သူငယ်ချင်းတွေ တစ်ခါမှစကားမပျောဘူးတဲ့သူတွေပါ၊ကိုယ်ကလည်း ထားဝယ်သားဆိုတော့ တွေ့လိုက်ရတဲ့ ထားဝယ်တွေ အများကြီးမှ အများကြီးပါ သူတို့အသုံးပြုထားတဲ့ viewတွေရှောက်ကြည့်တော့ တစ်ချို့ ကလည်းရည်ရွယ်ချက်ကောင်းပါတယ် တစ်ချို့ ကလည်း ပေါ့ပေါ့တန်ပါ
ပဲ့ လွတ်လပ်စွာပြောရဆိုရတဲ့ နေရာလေးကလည်း ဒီနေရာလေးပဲ့ရှိတယ်ဆိုတော့ဝိုင်းရေးဝိုင်းပြောကြတာ
မဆန်းပါဘူး ပြီးခဲ့တဲ့လက ကျွန်တော်တို့လေးစားရတဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ကို
ရောက်လာတုန်းကလည်း ကြိုလိုက်ကြတဲ့ ထားဝယ်တွေသဲသဲလှုပ်မျှပါပဲ့ ကြည့်လိုက်ရင်အရေအတွက်အရမ်း
များတယ်၊ကောင်းပါတယ်...fackbookပေါ်မှာလည်းထားဝယ်တွေအရမ်းများတယ်အရေအတွက်အရမ်းများတယ် အကျိုးပြုစာတွေပုံတွေတင်ပေးထားသူတွေ အရမ်းနည်းတယ်လို့ထင်ပါတယ် ဒါကြောင့်ပြောချင်တာလေးက
တို့ထားဝယ်တွေ နေရာတကာအရမ်းများတယ် များတဲ့အတိုင်းလည်း ကိုယ့်နေရာကိုယ်လူမျိုးနဲ့ နိုင်ငံကိုအကျိုး
ဖြစ်စေမဲ့ ဆောင်ရွက်ချက်တွေ စာတိုပေစလေးတွေရေးကြပါ တစ်နေကုန်အတင်းအဖျင်းတွေရေးနေ ပြောနေ
ကြမဲ့အစား ရည်ရွယ်ချက်ကောင်းတွေထားပြီး ကျိုးစားအားထုတ်ကြရင် အရေတွက်လည်းများ အရည်းချင်းလည်းရှိတဲ့ တို့ထားဝယ်ကွလို့ လက်မထောင်နိုင်တာပေါ့ ဒီလိုရေးရတာ တို့သူငယ်ချင်းတွေနား
လည်ကြမယ်လို့ကိုယ်တော့ယူဆပါတယ်။ ။
ထားဝယ်တောသားကြီး။
welartha
Thursday, May 3, 2012
Tuesday, April 24, 2012
Saturday, April 14, 2012
မိန်းမတို့အား ငါးပါး
ပန်းဝင်ရင်သိစေချင်
လူတိုင်းဟာ ဘ၀ဆိုတဲ့ပန်းတိုင်ကို မလွဲမသွေအရောက်လှမ်းပြီးကြိုးစားကာသွားနေကြရတာပေါ့၊ ဒါပေမဲ့တစ်ချို့က ပန်းဝင်လှကြပြီး တစ်ချို့ကပန်းဝင်မလှကြပါ ဒါဘာကြောင့်လည်းဆိုတော့မိမိကျိုးစားအားထုတ်မှုအပေါ်တွင်သာမူတည်သည်။
ဗုဒ္ဓအလိုကြဆိုရင် မကောင်းတဲ့အမှု မကောင်းတဲ့အလုပ် မကောင်းတဲ့အကြံအစည်တွေနဲ့ပေါင်းဖက်နေကြသူများသည် မကောင်းသောနေရာ(ငရဲ၏ပန်းတိုင်)သို့သာပန်းဝင်သွားကြသည်။
ကောင်းသောအမှု ကောင်းသောအလုပ် ကောင်းသောအကြံအစည်တွေနဲ့ပျော်မွေ့နေကြ သူများသည်ကောင်းသောနေရာ(နတ်ပြည်၏ပန်းတိုင်)သို့ပန်းဝင်သွားကြသည်။
သင်သည်လည်း မိမိ၏ ပန်းတိုင်ကိုအပြုံးနဲ့ဝင်မှာလား - အမဲ့နဲ့ဝင်မှာလားဆိုတာ ဘယ်သူ့မှအမိန့်ပေးဆုံးဖြတ်ချက်မပါပဲ မိမိကိုယ်တိုင်၏ဆုံးဖြတ်ချက်ဖြင့်သာ ဘ၀ပန်းတိုင်ကိုရယူဆွတ်ခူးနိုင်ပေသည်။
အသျှင်ပညာဓမ္မ (ဓမ္မာစရိယ နယ်လှည့်ဓမ္မကထိက)ကံပေါက်ဒေသ ဖားချောင်းအင်းကျေးရွာ။
Subscribe to:
Comments (Atom)